Donation Plan for June-2011 (MD-16)
Please let us announce that the venue for June-2011 donation has been chosen as “TakeKhar Yarma” nunnery, managed under the guidance of Daw Takekha Nyarni, located in 7/8 crossroad, quarter 5, Anawyahtar street, East Dagon Township, Yangon. It was established as monastic education school in 2010 and is taking care of 111 orphans for their basic needs and schooling. Moreover, impoverished youths from the neighboring area are given schooling.
Daw Takekha Nyarni is the headmistress of the school and Daw Kusala Nyarni is helping her as the assistant headmistress. And there are some volunteer teachers also; Daw Nanda Theingi (B.Ss Zoology), U Min Thu (B.Sc Physics), Daw Moe KayThi (B.A Myanmar), Daw Wai Wai Mon (B.Sc Geology), Daw Swe Le Yi (B.Sc Zoology) and Daw Moe Thet Swe (B.A Myanmar). But they have to hire four teachers in order to help 10th standard students effectively and efficiently.
Daily rice consumption for the kids is about 25 Kg per day and they are also in need of stationeries. We, ODF Myanmar, are going to contribute rice, stationeries and cash donation to the school as our 16th monthly donation. We will arrange the lunch for seventy nuns on the day of donating also. For your information; we are accepting the contribution for June-2011 donation till 10-July-2011.
Thank you.
မင်္ဂလာပါခင်ဗျာ
ODF Myanmar ၏ ၂၀၁၁ ခုနှစ်၊ ဇွန်လအလှုအဖြစ် တိက္ခာရာမသီလရှင်စာသင်တိုက်ကို ရွေးချယ်ထားပါတယ်။ အဆိုပါ သီလရှင်စာသင်တိုက်ဟာ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ အနော်ရထာလမ်း ၅ ရပ်ကွက် ၊ ၇/၈ လမ်းဆုံအနီးမှာ တည်ရှိပြီး သီလရှင်ဆရာကြီး ဒေါ်တိက္ခဉာဏီ ရဲ့ အုပ်ထိန်းဦးဆောင်မှုအောက်မှာ ရှိပါတယ်။
သီလရှင်ပညာရေးကျောင်းအဖြစ် ၂၀၁၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး မိဘမဲ့ကလေးများ သူငယ်တန်းမှ စတုတ္ထတန်းထိ ကျောင်းသား၊ ကျောင်းသူ ၁၁၁ ဦးကို ကျွေးမွေးစောင့်ရှောက်ပညာသင်ကြားပေးနေပါတယ်။ ထို့အပြင် အနီးအပါးမှ ဆင်းရဲနွမ်းပါးသူ ကျောင်းသား၊ ကျောင်းသူများအားလည်း ၁၀ တန်းထိ အခမဲ့ ပညာသင်ကြားပေးနေပါတယ်။
အဆိုပါကျောင်းတွင် ဆရာကြီး ဒေါ်တိက္ခဉာဏီက ကျောင်းအုပ်အဖြစ်ဆောင်ရွက်ပြီး ဒေါ်ကုသလဉာဏီက လက်ထောက်ကျောင်းအုပ်အဖြစ်ဆောင်ရွက်ပါတယ်။ ဆရာ၊ ဆရာမများကတော့ စေတနာရှင် ဗော်လန်တီယာဆရာ၊ ဆရာမများဖြစ်ပြီး ဒေါ်နန္ဒသိင်္ဂီ (B.Sc Zoology) ၊ ဦးမင်းသူ (B.Sc Physics) ၊ ဒေါ်မိုးကေသီ (B.A Myanmar) ၊ ဒေါ်ဝေဝေမွန် (B.Sc Geology) ၊ ဒေါ်ဆွေလဲ့ရည် (B.Sc Zoology) ၊ ဒေါ်သက်မိုးဆွေ (B.A Myanmar ) တို့ ဖြစ်ကြပါတယ်။ ၁၀တန်း ကျောင်းသားများအတွက် ဆရာမ ၄ ဦးကိုတော့ ပြင်ပမှ ဆရာများကို လစာပေးကာ ခန့်အပ်ထားပါတယ်။
အဆိုပါ သီလရှင်စာသင်ကျောင်းတွင် စောင့်ရှောက်ထားသော ကလေးများ၏ တစ်နေ့တာ စားစရိတ်မှာ ဆန် ၁၁ ပြည်ကုန်ပြီး စာရေးကိရိယာများလည်း လိုအပ်လျက်ရှိနေပါတယ်။ ODF Myanmar အနေဖြင့် အဆိုပါ သီလရှင်ပညာရေးကျောင်းသို့ ဆန်နှင့် မီးဖိုချောင်သုံးပစ္စည်းများ၊ စာရေးကိရိယာများလှူဒါန်းရန်နှင့် လိုအပ်သလိုအသုံးပြုနိုင်ရန် ဝတ္ထုငွေတို့ကို လှူဒါန်းရန် ရွေးချယ်ထားပါသည်။ ထို့ပြင် သီလရှင်ဆရာလေး အပါး ၇၀ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းမည့်အကြောင်းကို အလှူရှင်များအား အကြောင်းကြားအပ်ပါသည်။ ယခု ၁၆ ကြိမ်မြောက် လစဉ်အလှူအတွက် အလှူငွေများကို ဇူလိုင် ၁၀ ရက်နေ့အထိ လက်ခံသွားပါမည်။
















