Donation Plan for December-2011 (MD-21)
Dear honored donors,
As the donation plan for December-2011, we have decided to contribute our donation to the school for the blind located near Ma Har Ant Htoo Kan Thar Pagoda in Pyin Oo Lwin. The school is the place where free education and health facilities are being provided to blind children, regardless of race and religion. The children are being given training on Braille language, teachings of Buddha, academic education (from kindergarten to university), astrology, music, handicrafts (crochet, knitting, etc) and reflexology (Burmese, Japanese). Currently, total 136 students (98 male students and 38 female students), including 3 high school students are being taken care at the school.
Therefore, we would like to inform that ODF Myanmar has decided to provide helping hands to the school of blind in Pyin Oo Lwin where not only basic necessities but also moral and academic education are given to the blind children under the guidance of Abbot U Nyin Nya with the following objectives:
- Every blind person must learn Braille language
- Every blind person must be physically and mentally healthy
- Education for the blind in Myanmar must meet with world standards
- Every blind person should be well adapted to live in human society
- Physical and metal abilities of the blind people must be uplifted
Contributions for the school for the blind, Pyin Oo Lwin will be accepted till 31st December, 2011. Donations can be made through ODF official volunteers (http://odfmyanmar.org/volunteers ) or to ODF Bank Account (Singapore, Myanmar). For detailed information about bank accounts and address, please visit our website http://odfmyanmar.org/
=========================================
ODF Myanmar ရဲ့ ၂၀၁၁ – ဒီဇင်ဘာလ လစဉ်အလှူအဖြစ် ပြင်ဦးလွင်မြို့ ၊ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားအနီးရှိ ပရဟိတ မျက်မမြင် ပညာသင်ကျောင်းအား လှူဒါန်းရန် ရွေးချယ်ထားပါတယ်။ အဆိုပါကျောင်းသည် လူမျိုးမရွေး ၊ ဘာသာမခြား၊ မျက်မမြင်ကလေးများအတွက် စား၊ဝတ်၊နေရေး၊ ကျန်းမာရေးများအား တာဝန်ယူ စောင့်ရှောက်ထားပြီး မျက်မမြင် လက်စမ်းစူးပေါက်စာပေ ၊ လောကုတ္ထရာစာပေ၊ အစိုးရအတန်းပညာ (သူငယ်တန်းမှ တက္ကသိုလ်အထိ)၊ ဗေဒင်ပညာ ၊ ဂီတအနုပညာ ၊ လက်မှုပညာ (ဝါး၊ကြိမ်၊သိုးမွှေး၊ဇာထိုး၊ ပန်းထိုး)၊ လက်နှိပ်အကြောပြင် (မြန်မာ၊ဂျပန်) စသည့် အတတ်ပညာများကို သင်ကြားပေးနေပါတယ်။
ကျောင်းသား ၉၈ ယောက်၊ ကျောင်းသူ ၃၈ ယောက် ၊ စုစုပေါင်း ၁၃၆ ယောက်အား စောင့်ရှောက်ထားပြီး ဆယ်တန်းတက်ရောက်နေသော ကျောင်းသား ၃ ယောက်ပါဝင်ကြောင်းကိုလည်း သိရှိရပါတယ်။
၁။ မျက်မမြင်တိုင်း မျက်မမြင်စာ (Braille) တတ်မြောက်ရမည်။
၂။ မျက်မမြင်တိုင်း ကိုယ်စိတ်ကျန်းမာကြံ့ခိုင်၍ ထက်မြက်စေရမည်။
၃။ မြန်မာ့မျက်မမြင်ပညာရေး ကမ္ဘာ့အဆင့်မီစေရမည်။
၎။ မျက်မမြင်တိုင်း လူနှင့်လူ့ပတ်ဝန်းကျင်တွင် အတူတကွ ယှဉ်တွဲ နေထိုင်တတ်စေရမည်။
၅။ မျက်မမြင်တို့၏ ကာယစွမ်းအား၊ ဉာဏစွမ်းအား ဖော်ထုတ်မြှင့်တင်ပေးရန်။
စသည့် ရည်ရွယ်ချက်များဖြင့် မျက်မမြင်ကလေးများ၏ အခြေခံလိုအပ်ချက်များအပြင် စိတ်ဓာတ်ခွန်အား ၊ ပညာဓန ၊ လူမှုဘဝတိုးတက်မြင့်မားရေးအတွက် ကူညီနေသော ဆရာတော် ဦးဉယျ ဦးစီးတည်ထောင်သော ပြင်ဦးလွင်မြို့ ပရဟိတ မျက်မမြင် ပညာသင်ကျောင်းအား မိမိတို့ တတ်အားသရွေ့ ပံ့ပိုးသွားမည် ဖြစ်ကြောင်း အလှူရှင်များ ၊ သူငယ်ချင်း မိတ်ဆွေများအား အသိပေးပါရစေ ခင်ဗျ။
ပြင်ဦးလွင်မြို့ ပရဟိတ မျက်မမြင် ပညာသင်ကျောင်းအတွက် အလှူငွေများကို ၂၀၁၁-ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကူညီလှူဒါန်းနိုင်ပါတယ်။ အလှူငွေများကို ODF Official Volunteers http://odfmyanmar.org/volunteers/ များမှ ဖြစ်စေ၊ ODF Bank Account (Singapore, Myanmar) သို့ ဖြစ်စေ လှူဒါန်းနိုင်ပါတယ်။ ဘဏ်စာရင်းများနှင့် ဆက်သွယ်ရန်လိပ်စာ အသေးစိတ်ကို http://odfmyanmar.org/donate တွင် ရယူနိုင်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ။

