Donation plan for August-2011 (MD-18)
No. 14 monastic education centre of “Aung Say Ti” Pariyartti Dhamma school located in Kyout Twin Kone, Bago, formerly Pegu, has been chosen as the venue for August-2011 (18th monthly donation) donation of ODF.
By the great effort of Sayadaw Sandimar, it is now giving schooling from kindergarten to 10th standard with the help of fifteen teachers. There are 62 orphans taken care by the school and 359 indigent kids in nearby areas for 2011-2012. The daily rice consumption for orphans is about 25 KG.
Please let us have a chance to announce that we will assist the kids for the better health care, clothing, stationery and the classroom for 9th and 10th standard students. We would love to invite you to assist and help us convey the better and healthier future for them. Please take a look at https://odfmyanmar.org/donate/ or contact one of our volunteers in order to make the contribution. For your information we are accepting the contribution till 10-Sep-2011. Thank You.
ပဲခူးမြို့၊ ကျောက်တွင်းကုန်းရပ်ရှိ အောင်စေတီပရိယတ္တိစာသင်တိုက်ရှိ အမှတ် (၁၄) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအား ODF Myanmar ရဲ့ ၂၀၁၁-ဩဂုတ်လအလှူအတွက် ရွေးချယ်ထားပါတယ်။ အဆိုပါကျောင်းမှာ၂၀၀၂ ခုနှစ်၊ ဇွန်လမှ စတင်၍ မိဘမဲ့ကလေးငယ်များကို စောင့်ရှောက်ပညာသင်ပေးနေပါတယ်။
ဆရာတော် ဘဒ္ဒန္တစန္ဒိမာ၏ ကြိုးပမ်းမှုဖြင့် ယခုဆိုလျှင် မူကြို၊ သူငယ်တန်းမှ ၁၀ တန်းထိ ဆရာ၊ ဆရာမ ၁၅ ဦးတို့ဖြင့်တိုးချဲ့ဖွင့်လှစ် ပညာသင်ပေးနေပါပြီ။ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ဘုန်းတော်ကြီးကျောင်းမှ စောင့်ရှောက်ထားသော မိဘမဲ့ကလေး ၆၂ ဦးနှင့် ပြင်ပမှ ချို့ငဲ့သောကလေးများ စုစုပေါင်း ၃၅၉ ဦး ပညာသင်ကြားလျက်ရှိပါတယ်။
ဘုန်းတော်ကြီးကျောင်းမှ ပြုစုစောင့်ရှောက်ထားသော ကလေးများနှင့် သံဃာတော်များအတွက် နှစ်ရက်လျှင် ဆန်တစ်တင်းခွဲ တစ်အိတ် ကုန်ပါတယ်။ ကျောင်းရှိသံဃာတော် ၃၀ ပါး နှင့် ကျောင်းစာသင်ကလေးများအားလုံးအတွက် နေ့လည်စာ တစ်နပ်မှာ ငွေကျပ် ၂ သိန်းခွဲ ကျသင့်ပါတယ်။
ကလေးများရဲ့ ကျန်းမာရေးနှင့် အာဟာရ၊ ဝတ်စားဆင်ယင်ရေး ၊ ကျောင်းသုံးပစ္စည်း စာရေးကိရိယာများ နှင့်အထွေထွေ အသုံးပစ္စည်းများ၊ ၉ တန်း ၊ ၁၀ တန်းစာသင်ဆောင် ကျောင်းဆောက်လုပ်ရေးအတွက် တတ်နိုင်အားသရွေ့ အလှူပါဝင်နိုင်ပါတဲ့အကြောင်းကို အသိပေးနှိုးဆော်ပါရစေခင်ဗျ။
အလှူငွေများကို ၂၀၁၁-စက်တင်ဘာ-၁၀ ရက်နေ့အထိ လက်ခံနေပါတယ်။





