Donation for June-2011 (MD-16)
On 16-July-2011, as our June-2011 donation, ODF Myanmar donated ten bags of rice and books, pencils, erasers and some stationeries and 1,020,000 Myanmar Kyats to Takekhar Yarma nunnery located in 7/8 crossroad, quarter 5, Anawyahtar street, East Dagon Township, Yangon.
Ma Aye Aye Sann from Singapore donated for the lunch for seventy nuns while Ko Tin Htoo Khaing contributed five “Sein Ta Lone” mango seedlings and volunteers of ODF Myanmar planted those in the nunnery campus.
The nunnery was established as monastic education school in 2010 and is taking care of 111 orphans for their basic needs and schooling. Moreover, impoverished youths from the neighboring area are given schooling.
Many thanks to the donors, volunteers of ODF Myanmar and friends who helped make this donation plan achieve.
ODF Myanmar ရဲ့ ၂၀၁၁-ဇွန်လအလှူအဖြစ် ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ၅ ရပ်ကွက်၊ အနော်ရထာလမ်း၊ တိက္ခာရာမ သီလရှင်စာသင်တိုက်သို့ ဆန်အိတ် (၁၀) အိတ်၊ ကျောင်းသား၊ ကျောင်းသူများအတွက် လက်ရေးလှစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက် စသည့် စာရေးကိရိယာများနှင့်အတူ ကျောင်းအတွက်လိုအပ်သလို အသုံးပြုနိုင်ရန် ငွေ (၁၀) သိန်း (၂) သောင်းကို ဇူလိုင်လ ၊ ၁၆ ရက်၊ ၂၀၁၁ ၊ (စနေနေ့) တွင် သွားရောက်လှူဒါန်းခဲ့ပါတယ်။
စင်္ကာပူနိုင်ငံမှ မအေးအေးစန်း ကိုယ်စား သီလရှင်(၇၀)ပါးကို နေ့ဆွမ်းလှူဒါန်းခဲ့ပါတယ်။ အလှူရှင် ကိုတင်ထူးခိုင်မှ စိန်တစ်လုံးသရက်ပျိုးပင်ပေါက် (၅)ပင် ကို လှူဒါန်းခဲ့ပြီး ODF Myanmar မှ ကျောင်းဝန်းပရဝဏ်တွင် အဆိုပါ သရက်ပင်များကို စိုက်ပျိုးပေးခဲ့ပါတယ်။
အဆိုပါ တိက္ခာရာမ သီလရှင်စာသင်တိုက်သည် သီလရှင်ဆရာကြီး ဒေါ်တိက္ခဉာဏီ ရဲ့ အုပ်ထိန်းဦးဆောင်မှုအောက်မှာ ရှိပါတယ်။ သီလရှင်ပညာရေးကျောင်းအဖြစ် ၂၀၁၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး မိဘမဲ့ကလေးများ အား သူငယ်တန်းမှ စတုတ္ထတန်းထိ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၁၁ ဦးကို ကျွေးမွေးစောင့်ရှောက်ပညာသင်ကြားပေးနေပါတယ်။ ထို့အပြင် အနီးအပါးမှ ဆင်းရဲနွမ်းပါးသော ကျောင်းသား၊ ကျောင်းသူများအားလည်း ၁၀ တန်းထိ အခမဲ့ ပညာသင်ကြားပေးနေပါတယ်။
စာသင်တိုက်အတွက် အဓိက လိုအပ်နေသော ဆွမ်းနှင့်အထွေထွေအသုံးအဆောင်များကို ထောက်ပံ့လှုဒါန်းနိုင်ခဲ့တဲ့အတွက် ODF Myanmar အလှုရှင်များနှင့် ဗော်လန်တီယာများအားလုံးအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ဝမ်းမြောက် ကြည်နူးစွာဖြင့် ကောင်းမှုကုသိုလ်ကို အမျှပေးဝေကာ သာဓုခေါ်ဆိုနိုင်ရန် သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျ။














