Donation Plan for 2012-May(MD-26)
Dear honored donors,
As the donation plan for 2012-May, ODF Myanmar has decided to donate fiber tanks in Dala Township, Yangon Division in order to store rain water which is the primary drinking water source for the whole year.
Since the area has to depend mainly on rain water as the year-round drinking water supply, donating fiber tanks before the rainy season will be very beneficial and effective for local people. ODF Myanmar has planned to donate fiber tanks at one place in Dala Township as the 26th monthly donation plan.
Therefore, we would like to encourage our donors to participate in contributing assistance to the area where local people are encountering a drinking water shortage. Donations for 2012-May donation plan will be collected till June 10, 2012.
==============================
မင်္ဂလာပါ
ODF Myanmar ၏ ၂၀၁၂-မေလ အလှူ အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် တစ်နှစ်ပတ်လုံးစာအတွက် သောက်သုံးရေဖြစ်သည့် မိုးရေသိုလှောင်ထားရန် ရေလှောင်ကန် (fiber tanks) များကို လှူဒါန်းရန် ရွေးချယ်ထားပါသည်။
အဆိုပါဒလမြို့နယ်တွင် မိုးရေကို သောက်သုံးရေအဖြစ် အဓိက အားထားနေရသည်ဖြစ်ရာ မိုးရာသီ မကျရောက်သေးမီ သောက်ရေသိုလှောင်ကန်များ လှူဒါန်းခြင်းသည် ဒေသခံများအတွက် အကျိုးရှိအဆင်ပြေစေမည်ဖြစ်ပါသည်။
ထို့ကြောင့် ODF Myanmar ၏ ၂၆ ကြိမ်မြောက်လစဉ်အလှူအနေဖြင့် မြန်မာကျပ်ငွေ ၉ သိန်းခန့်တန်ဖိုးရှိသော ဖိုက်ဘာရေလှောင်ကန်များအား ဒလမြို့ရှိ သင့်တော်သောနေရာတစ်နေရာတွင် လှူဒါန်းသွားရန် စီစဉ်ထားပါသည်။ ODF Myanmar အလှူရှင်များအနေဖြင့် လိုအပ်နေသည့်နေရာများသို့ ကူညီပံ့ပိုးပေးမှုများတွင် တစ်တပ်တစ်အား ပါဝင်နိုင်ရန် လေးစားစွာတိုက်တွန်းနှိုးဆော်အပ်ပါသည်။ အလှူငွေများကို ၂၀၁၂ ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးထား၍ ကောက်ခံသွားမည့်အကြောင်းကိုလည်း အသိပေးအပ်ပါသည်။

