How you helped make a difference
Dear honored donors,
ODF Myanmar is selling T-shirts to help Myanmar Earthquake victims of Shan State in method of prepaid order. One of the fund raising activities of direct selling to the donors had been accomplished on April-10 at Skyward Education Agency, 5th Floor – Room 15A, Peninsula Plaza – Singapore.
We would like to thank you for purchasing T-shirts with the words “I bought this HELP to Myanmar Earthquake Victims” printed on.
The total amount of Singapore dollar 3000 , the first part of donation had been transferred to Myanmar on 8th April in order to assist the victims of earthquake in Tarlay. The volunteers of ODF Myanmar in Tarchilate are going to assist the earthquake victims with food, drinking water and other basic needs. We will publish the donation news and records at the website after Thingyan, Myanmar New Year. And we will be collecting the donation until the end to April.
Thank you very much for your kind cooperation and helping hands.
လေးစားအပ်ပါသော အလှုရှင်များ ခင်ဗျာ
ရှမ်းပြည်နယ်၊ တာလေမြို့မှ ငလျင်ဒဏ်သင့်ခံခဲ့ရသော တိုင်းရင်းသားမိတ်ဆွေများအတွက် အလှူငွေ ကောက်ခံခြင်းများ ပြုလုပ်နေသည့်အပြင် ရန်ပုံငွေအဖြစ် ODF Myanmar မှ T-shirts များကို ဗော်လန်တီယာများ၏ ကိုယ်ပိုင်ငွေဖြင့် ရိုက်နှိပ်အော်ဒါမှာယူခဲ့ပြီးနောက် ကြိုတင်အော်ဒါမှာယူ စံနစ်ဖြင့်ရောင်းချခဲ့ပါသည်။ ထို့အပြင် ဧပြီလ ၁၀ ရက်နေ့က Skyward ပညာရေးနှင့် အထွေထွေဝန်ဆောင်မှုလုပ်ငန်း 5th Floor – Room 15A၊ Peninsula Plaza – Singapore တွင်လည်း လက်ငင်းငွေချေစံနစ်ဖြင့်လည်း ရောင်းချခဲ့ပါသည်။
“မြန်မာနိုင်ငံနေ ငလျင်ဒဏ်သင့်သူတွေကို ကူညီစို့” ဆိုတဲ့ စာတမ်းပါရှိတဲ့ ODF Myanmar T-shirt တွေကို ဝယ်ယူအားပေးကာ အလှုပါဝင်ကြသော အလှုရှင်များ၊ ငွေအား၊ လူအားဖြင့် ကူညီကြသော ဗော်လန်တီယာများ၊ T-shirt များကို လာရောက် ရောင်းချခွင့်ပြုပေးကာ စတုဒီသာမုန့်လုံးရေပေါ် လှုဒါန်းသော Skyward ပညာရေးနှင့် အထွေထွေဝန်ဆောင်မှုလုပ်ငန်းကို အထူးပင်ကျေးဇူးတင်ရှိပါသည်။
တာလေမြို့ငလျင်ဒဏ်သင့်တိုင်းရင်းသားများအတွက် ODF Myanmar အလှုရှင်များ၏ ကူညီငွေ စင်္ကာပူဒေါ်လာ ၃၀၀၀ ကို ဧပြီလ ၈ ရက်နေ့က ပထမအကြိမ်အဖြစ် ငွေလွှဲခဲ့ပြီး တာချီလိတ်မြို့နှင့်တာလေမြို့ရှိ ဗော်လန်တီယာများမှ ငလျင်ဘေးသင့်သူ တိုင်းရင်းသားများအတွက် သောက်သုံးရေ စသည့် လိုအပ်သည်များကို ဆက်လက်၍ ကူညီလှုဒါန်းပေးမည်ဖြစ်ကြောင်း ODF Myanmar အလှုရှင်များကို သတင်းကောင်းပါးလိုက်ရပါသည်။
ဧပြီလကုန်အထိ ငလျင်ဒဏ်သင့်ဒေသအတွက် အလှူငွေကောက်ခံခြင်းကို ဆက်လက်ပြုလုပ်နေမည်ဖြစ်ပြီး တီရှပ်ရောင်းရငွေများကိုလည်း အမြန်ဆုံး ပေးပို့နိုင်ရန် စီစဉ်ထားပါသည်။
ODF Myanmar အလှုရှင်များ၊ ဗော်လန်တီယာများ၏ တွဲလက်များ ဆက်လက် ခိုင်မြဲစွာဖြင့် မြန်မာနိုင်ငံတွင်းနေ တိုင်းရင်းသားများ၏ အကျိုးအတွက် ကူညီဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါသည်။























