Donation Plan for July-2010
ကျွန်တော်တို့  ODF Myanmar အဖွဲ့ အနေနဲ့  ၂၀၁၀-ဇူလိုင်လအတွက် လှုဒါန်းခြင်းအဖြစ် ရန်ကုန်တိုင်း တွံတေးမြို့ နယ် ဘုရားကြီးကျေးရွာရှိ ‘မင်္ဂလာ’ ပရဟိတကျောင်းကို ရွေးချယ်ထားပါတယ်။ အဆိုပါကျောင်းတွင် အသက်၃နှစ်အရွယ်မှ တက္ကသိုလ်ဝင်တန်းအောင်အရွယ်ထိ မိဘမဲ့ကလေးပေါင်း ၅၃၀ ခန့်ကို ကျောင်းရှိ ဘုန်းတော်ကြီးများဦးဆောင်ပြီး စောင့်ရှောက်ထိန်းသိမ်း ပညာသင်ကြားပေးနေပါတယ်။
ODF Myanmar အလှုရှင်များ၊ မိတ်ဆွေ သူငယ်ချင်းရောင်းရင်းများ အနေနဲ့ ယခင်လများကလိုပဲ တတ်အားသရွေ့ ပါဝင်လှူဒါန်းကြဖို့  နှိုးဆော်ပါရစေခင်ဗျာ။
ကျေးဇူးတင်ပါတယ်။

