Donation for April-2011 (ED-03)
Tar Lay and Mong Lin townships from Shan State, Myanmar had been adversely ruined by two powerful 6.8 quakes that hit on 24th March, 2011. Due to emergency needs, we have planned to collect donations by two parts as the third emergency donation (ED-03) of ODF Myanmar. As the first part we collected the donation from 1-April-2011 to 10-April-2011 and received 3000 SGD. And the donors contributed 3420 SGD for the second part (11-April-2011 to 30-April-20110). Moreover we got the net profit of 2072 SGD after we sold 259 T-Shirts as the fund-raising and that made the total amount to be 8492 SGD.
Let us share the donation records of the process of getting and distributing water for one of the quake-hit areas as the first part of donation with 3000 SGD so that all the donors around the world who contributed and helped to make this happen can share the good deeds.
The donation plan has been achieved with the cooperation of the villagers, local friends and we have donated the water pipes to “Panok” village of 175 people in 30 households.
We have also decided to put the reasonable amount of contribution to the emergency fund on a monthly basis in order to response to the emergency situations in future. Which is why we are going to add 492 SGD out of 5492 SGD to the emergency fund and we are arranging to help other villages get the water using the rest 5000 SGD. We will publish the donation records once it is done.
Please let us share a thank-you note from “Panok” village head on behalf of the villagers also. That note is dedicated to express the altruism and helping spirit of the donors, to acknowledge the hard working ODF Myanmar volunteers and the helping hands of the local friends.
Many thanks to all.
၂၀၁၁-မတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ၆.၈ ရစ်ခ်ျတာစကေးငလျင်ကြောင့် ရှမ်းပြည်နယ်ရှိ တာလေ ၊ မိုင်းလင်း စတဲ့ ဒေသတွေဟာ အကြီးအကျယ်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ODF Myanmar အနေနှင့် အဆိုပါငလျင်ကြောင့် ဒုက္ခရောက်နေသော မိသားစုများအား ကူညီပေးရန်အတွက် အလှူငွေကောက်ခံခြင်းအား နှစ်ပိုင်းခွ္ဂဲ၍ ပြုလုပ်ခဲ့ပါတယ်။ ပထမအကြိမ်အနေနဲ့ ဧပြီ ၁ ရက်နေ့မှ ဧပြီ ၁၀ ရက်နေ့အထိ ကောက်ခံခဲ့ရာမှာ အလှူငွေ စင်္ကာပူဒေါ်လာ ၃၀၀၀ ရရှိခဲ့ပါတယ်။ ဒုတိယအကြိမ်အဖြစ် ဧပြီ ၁၁ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့ထိ ကောက်ခံခဲ့ရာ အလှူငွေ ၃၄၂၀ ဒေါ်လာ ရရှိခဲ့ပြီး ရန်ပုံငွေအတွက် တီရှပ် ၂၅၉ ထည်ရောင်းချခဲ့ရာ အမြတ်ငွေ ၂၀၇၂ ဒေါ်လာ ရရှိခဲ့ပါတယ်။ စုစုပေါင်း စင်္ကာပူဒေါ်လာ ၈၄၉၂ ဒေါ်လာရရှိခဲ့ပါတယ်။
ကမ္ဘာအရပ်ရပ်မှ ပါဝင်လှူဒါန်းကူညီကြသော အလှူရှင်အားလုံး သာဓုခေါ်ဆို ကြည်နူးပီတိဖြစ်နိုင်ရန် ပထမအကြိမ်အဖြစ် ပေးပို့လှူဒါန်းခဲ့သော ဒေါ်လာ ၃၀၀၀ အား အသုံးပြု၍ ငလျင်ဒဏ်သင့်ဒေသအတွက် လိုအပ်သော ရေရရှိရေးအတွက် ရေပိုက်သွယ်တန်းလှူဒါန်းပုံများအား ဝေမျှလိုက်ပါတယ်။ တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲရှိ အိမ်ခြေ ၃၀ အိမ်နှင့် လူဦးရေ ၁၇၅ ဦးရှိသော ပါနော့ရွာအား ရေရရှိရေးအတွက် ရေပိုက်များ (အချောင်း ၁၀၀၀) ဝယ်ယူလှူဒါန်းခဲ့ပြီး ရွာသားများ၏ ပူးပေါင်းပါဝင်မှုဖြင့် အစီအစဉ် အထမြောက်အောင်မြင်ခဲ့ပါတယ်။
နောင်တွင် အရေးပေါ်ကူညီမှုများကို ချက်ချင်းတုံ့ပြန်၍ အကူအညီပေးနိုင်ရန်အတွက် ရရှိသည့်အလှူငွေများမှ သင့်တင့်လျောက်ပတ်သော ငွေးကြေးပမာဏတစ်ခုအား အရေးပေါ်ရန်ပုံငွေထဲသို့ ထည့်သွားဖို့ စီစဉ်ထားပါတယ်။ ထို့အတွက် ကျန်ရှိသော အလှူငွေ ၅၄၉၂ ဒေါ်လာ အနက်မှ ၄၉၂ ဒေါ်လာအား အရေးပေါ်အခြေအနေများအတွက် ရန်ပုံငွေအဖြစ် ဖယ်ထားပြီး ဒေါ်လာ ၅၀၀၀ အား အသုံးပြု၍ တာလေခရိုင်အတွင်းရှိ အခြားကျေးရွာများသို့ ရေရရှိရေးအတွက် စီစဉ်ဆောင်ရွက်နေပါတယ်။
အလှူရှင်များ၏ ဖြူစင်သော စေတနာ၊ အားပေးကူညီသော စိတ်ဓာတ် ၊ ODF Myanmar မှ မောင်နှမများ၏ ကြိုးပမ်းမှု ၊ မြန်မာနိုင်ငံရှိ ဒေသခံ သူငယ်ချင်းများ၏ ရိုင်းပင်းမှုတို့အား ပါနော့ရွာသူရွာသားများကိုယ်စား ရွာလူကြီးများထံမှ ကျေးဇူးတင်ရှိကြောင်း စာတစ်စောင်ကိုလည်း အားလုံး ကြည်နူးပီတိဖြစ်နိုင်ရန် တင်ပြလိုက်ပါတယ်။ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။



















