One Dollar Fund – Myanmar (ODF Myanmar)

ODF
Available versions: English | Myanmar
  • Home
  • About ODF
  • News & Events
  • Gallery
  • Volunteers
  • Contact Us
  • Donate

Latest News & Events

August 24, 2010

Donation for July-2010

Dear valued donors,

We are very pleased to inform you that ODF Myanmar had donated Myanmarcurrency 611000 kyats to “Ton Tay Orphanage Mingalar Parahita Training School” inorder to take care of orphans.

Ton Tay Mingalar Monastery, located in PhaYarGyi village of Ton Tay Township, is taking careof orphans’ life and education starting from Kindergarten to University ofDistant Education.

Thank you very much for your kind heart and contribution to ODF Myanmar.

Every helping hands of yours to Myanmar community is appreciated.

Do not hesitate to ask whatever you would like to know about ODF Myanmar,please.

Very truly yours

One Dollar Fund – Myanmar ( ODF Myanmar)

—————————————————————————————————————————————————

လေးစားရပါသော အလှုရှင်များ

One Dollar Fund – Myanmar ( ODF Myanmar) မှ အလှုရှင်များကိုယ်စား ဇူလိုင်လအလှုအတွက် မြန်မာကျပ်ငွေ ၆၁၁၀၀၀ ကျပ်( ခြောက်သိန်းတစ်သောင်းတစ်ထောင်ကျပ်)ကို တွံတေးမြို့နယ် ၊ ဘုရားကြီးမင်္ဂလာကျောင်းတိုက်ရှိ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေးနှင့်မိဘမဲ့ မင်္ဂလာပရဟိတဂေဟာသင်တန်းကျောင်း၌ ပညာသင်ကြားနေသော မိမဲ့၊ ဘမဲ့၊ ဆင်းရဲနွမ်းပါးသော တိုင်းရင်းသားကလေးငယ်များ၏နေထိုင်စားသောက်ရေးနှင့် ပညာရေးအတွက် လှုဒါန်းခဲ့ပါသည်။ အဆိုပါ ဘုရားကြီးမင်္ဂလာကျောင်းတိုက်မှ စောင့်ရှောက်ကာမင်္ဂလာပရဟိတဂေဟာသင်တန်းကျောင်း၌ ပညာသင်ကြားပေးနေသော မိဘမဲ့ကလေးများမှာမူကြို၊ သူငယ်တန်းမှ စ၍ အခြေပညာအထက်တန်းအထိ ရှိပါသည်။အခြေခံပညာအထက်တန်းအောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူအချို့မှာ တက္ကသိုလ်တွင်ပင် တက်ရောက်ပညာသင်ကြားနေပါသည်။

အလှုရှင်တို့၏ စေတနာ၊ မေတ္တာ၊ သဒ္ဓ္ဓါတရားတို့ဖြင့်ကူညီပံ့ပိုးလှုဒါန်းခဲ့ကြသည့် ဒါနကို အမျှအတန်းဝေ၊ သာဓုခေါ်ဆိုနိုင်စေရန်သတင်းကောင်းပါးအပ်ပါသည်။

certificate of honor
certificate of honor
certificate of honor
certificate of honor
Donating to Sayardaw (July-2010)
Donating to Sayardaw (July-2010)


August 15, 2010

Donation Plan for August-2010

သူငယ်ချင်းမိတ်ဆွေများအားလုံးပဲ မင်္ဂလာပါ …

ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ ODF Myanmar အဖွဲ့နဲ့ လစဉ်လတိုင်း တစ်တပ်တစ်အား ဝိုင်းဝန်းအလှူဒါနပြုကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ODF Myanmar ရဲ့ ၂၀၁၀ သြဂုတ်လအလှူအတွက် နယ်မြို့လေးတစ်မြို့မှ အမှန်တကယ်အကူအညီလိုအပ်နေတဲ့ ပရဟိတကျောင်းလေးတစ်ကျောင်းကို ရွေးချယ်ထားပါတယ်။ လှူဒါန်းမည့်နေရာကတော့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာရှိ ‘တောရ’ ဘုန်းတော်ကြီးပရဟိတပညာသင်ကျောင်း ဖြစ်ပါတယ်။ အဆိုပါကျောင်းလေးမှာ သူငယ်တန်းမှ (၁၀)တန်းအထိ ကျောင်းသူကျောင်းသားပေါင်း ၃၅၀ခန့်ကို ဘုန်းတော်ကြီးများက ပညာသင်ကြားပေးလျက်ရှိပါတယ်။ ကျောင်းသူကျောင်းသားများအာလုံးဟာ နွေရာသီ(၃)လကလွဲလို့ စာသင်ချိန်တစ်နှစ်ပတ်လုံး ကျောင်းမှာပဲ ကျောင်းအိပ်ကျောင်းစားနေကြပါတယ်။ (၁၀)တန်းအောင်ပြီးသား ကျောင်းသူကျောင်းသားတွေကတော့ ကျောင်းမှာပဲ စေတနာ့ဝန်ထမ်း ဆရာဆရာမများအဖြစ် လုပ်အားဒါနပြုကြတယ်လို့သိရပါတယ်။

အရင်လများမှာလိုပဲ ဝိုင်းကြဝန်းကြ တကယ့်ကိုအကူအညီလိုနေတဲ့သူတွေကို တတ်နိုင်သလောက်ကူညီကြရင်း အလှူဒါနပြုကြပါစို့လား သူငယ်ချင်းတို့။

July 19, 2010

ဇွန်လ ၂၀၁၀ အလှု

One Dollar Fund – Myanmar (ODF Myanmar) မှ အလှုရှင်များရဲ့ အလှုငွေ (ဇွန်လ ၁ ရက်မှ ၃၀ ရက်နေ့အတွင်း ကောက်ခံရရှိသော) အလှုငွေ ၆၂၀၀၀၀ (ခြောက်သိန်း နှစ်သောင်း) ကျပ်ကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ရှိ ‘ဒိုးပင်’ လူမျိုးစုံမိဘမဲ့ကလေးစောင့်ရှောက်ရေး ဘုန်းတော်ကြီးကျောင်းသို့ မိဘမဲ့ကလေးများအတွက် ရည်စူးလှုဒါန်းခဲ့ပါတယ်။

အဆိုပါဘုန်းကြီးကျောင်းဟာ မန္တလေး-ပြင်ဦးလွင် လမ်းမပေါ်တွင်တည်ရှိပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့် မိဘမဲ့ဖြစ်ခဲ့ရသော ကလေးသူငယ်၁၀၀၀ကျော်အား ဘုန်းတော်ကြီးများက စောင့်ရှောက်ထားရှိပြီး မိဘမဲ့ကလေးများအတွက် အမှန်တကယ်လိုအပ်နေသော စားသောက်နေထိုင်ရေးအတွက် One Dollar Fund – Myanmar (ODF Myanmar) မှအလှုရှင်များက ယခုလို လှုဒါန်းနိုင်ခဲ့ခြင်းကို အလှုရှင်များအနေဖြင့် ဝမ်းမြောက်ကြည်နူးစွာ အမျှအတန်းဝေ သာဓုခေါ်ဆိုနိုင်ရန် သတင်းကောင်းပါးလိုက်ရပါတယ်။

Dear Donors,

We are very pleased to inform you that ODF Myanmar had donated Myanmar currency 620000 kyats to “Doe Pin” monastic orphanage in order to take care of orphans who lost their parents and shelters during Nargis Cyclone.

Thank you very much for your kind heart and contribution to ODF Myanmar.

Every helping hand of yours to Myanmar community is appreciated.

Do not hesitate to ask whatever you would like to know about ODF Myanmar, please.

Very truly yours

ODF Myanmar




July 15, 2010

Donation Plan for July-2010

ကျွန်တော်တို့  ODF Myanmar အဖွဲ့ အနေနဲ့   ၂၀၁၀-ဇူလိုင်လအတွက် လှုဒါန်းခြင်းအဖြစ် ရန်ကုန်တိုင်း တွံတေးမြို့ နယ် ဘုရားကြီးကျေးရွာရှိ ‘မင်္ဂလာ’ ပရဟိတကျောင်းကို ရွေးချယ်ထားပါတယ်။ အဆိုပါကျောင်းတွင် အသက်၃နှစ်အရွယ်မှ တက္ကသိုလ်ဝင်တန်းအောင်အရွယ်ထိ မိဘမဲ့ကလေးပေါင်း ၅၃၀ ခန့်ကို ကျောင်းရှိ ဘုန်းတော်ကြီးများဦးဆောင်ပြီး စောင့်ရှောက်ထိန်းသိမ်း ပညာသင်ကြားပေးနေပါတယ်။

ကျောင်းရှိသံဃာများနဲ့ ကလေးများအတွက် တစ်နေ့ကို  ဆန်အိတ်(၅)အိတ် ကုန်ကျတယ်လို့ သိရပါတယ်။ စတုဒိသာကျွေးဖို့ အတွက်ကတော့ တစ်နေ့တာ (မနက်စာ ညစာ) အတွက် ကလေးတစ်ဦးကို အသားဟင်းနဲ့ဆိုရင် ၁၀၀၀ ကျပ် ကျသင့်ပြီး အသီးအရွက်နဲ့ဆိုရင်တော့  ၅၀၀ ကျပ် ကျသင့်ပါတယ်။

ODF Myanmar အလှုရှင်များ၊ မိတ်ဆွေ သူငယ်ချင်းရောင်းရင်းများ အနေနဲ့ ယခင်လများကလိုပဲ တတ်အားသရွေ့ ပါဝင်လှူဒါန်းကြဖို့  နှိုးဆော်ပါရစေခင်ဗျာ။

ကျေးဇူးတင်ပါတယ်။

July 5, 2010

ODF Myanmar (One Dollar Fund – Myanmar )

ကျွန်တော်များ စင်္ကာပူနိုင်ငံ အခြေစိုက် ODF Myanmar (One Dollar Fund – Myanmar ) သည် ODF Myanmar အမည်ဖြင့်သာ အလှုငွေများကို ကောက်ခံလျက်ရှိကြောင်းရှင်းလင်းပြောကြားလိုပါသည်။

ODF Myanmar (One Dollar Fund – Myanmar ) သည် စင်္ကာပူနိုင်ငံတွင် နေထိုင်သော မြန်မာလူငယ်စေတနာရှင်များ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ပြီး နိုင်ငံရေး၊ ဘာသာရေး မပါရှိဘဲ လူတစ်ဦးအတွက် အခြေခံလိုအပ်ချက်များကို ဘာသာ၊ လူမျိုး မခွဲခြားဘဲ ပရဟိတလုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိနေကြောင်း ODF Myanmar (One Dollar Fund – Myanmar ) ၏ အလှုရှင်များအား အသိပေး ပြောကြားအပ်ပါသည်။

ODF Myanmar (One Dollar Fund – Myanmar ) သည် မြန်မာနိုင်ငံတွင်းရှိ မိဘမဲ့ကလေးများ၏ စား၊ ဝတ်၊ နေရေးနှင့် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက် အရေးပေါ်လိုအပ်ချက်များဖြစ်သော သဘာဝဘေးဒဏ်သင့်သူများကိုလည်း ကြားဖြတ်အစီအစဉ်အဖြစ် ကူညီပေးလျက်ရှိပါသည်။

June 12, 2010

Second Donation for May-2010

ODF Myanmar မှ အလှုရှင်များရဲ့ အလှုငွေ (မေလ ၂၀ ရက်မှ ၃၁ ရက်နေ့အတွင်း ကောက်ခံရရှိသော) စင်္ကာပူဒေါ်လာ ၆၆၉ ဒေါ်လာကို မေလ အတွက် ဒုတိယမြောက် အလှုအဖြစ် ၂၀၁၀ ခုနှစ် ဇွန်လ ၆ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ လူငယ်အမျိုးသမီးလေးများ သင်တန်းကျောင်းမှ ကျောင်းသူလေးများကို နံနက်စာ မုန့်ဟင်းခါး၊ နေ့လည်စာ ထမင်းဟင်း၊ မိန်းကလေးများအတွက် T shirt အကျ င်္ီများ နှင့် ကျောင်း ငွေပဒေသာပင်အတွက် ကျပ် ၃ သောင်းတို့ကို ကိုကျော်ကျော်ထွန်းနှင့်ညီမငယ်တို့၏ အကူအညီဖြင့် လှုဒါန်းခဲ့ပါတယ်။

အိပ်ဆောင် နှစ်ထပ်တိုက် နှစ်လုံး ၊ ရုံးခန်းတစ်ခန်း ၊ စာသင်ကျောင်းဆောင် တစ်ခု၊ အလုပ်ရုံတစ်ခု ရှိတဲ့ သင်တန်းကျောင်းဟာ အစိုးရထောက်ပံ့ကြေးကလွဲလို့ ကျန်တဲ့ဝင်ငွေ မရှိပါဘူး။ အလှူငွေအရနည်းတဲ့ကျောင်းဖြစ်ပါတယ်။ သင်တန်းကျောင်းမှာ ဆယ်တန်းကျောင်းသူ ကိုးယောက်နဲ့ ကိုးတန်းကျောင်းသူ နှစ်ဆယ်လောက်ရှိပါတယ်။ တစ်လကိုကျောင်းစရိတ် ရှစ်သိန်းခန့်ကုန်ကျနေပါတယ်။ နေ့စဉ် ထမင်းတစ်နပ်ကို အားလုံးအတွက် ၃၀၀ကျပ် ခန့်သာရပါတယ်။ အခုလက်ရှိကျောင်းသူတွေက ၅ နှစ်ကနေ ၁၈ နှစ်ထိပဲပြီး အပြင်ကရောက်လာတဲ့ မိန်းကလေးများမဟုတ်ကြဘဲ ဆေးရုံ၊ လမ်းဘေးတို့မှာ ပစ်သွားတဲ့ကလေးတွေကို ပထမအဆင့် ရွှေဂုံတိုင် ကလေးပြုစုရေးဌာနကနေ လက်ခံစောင့်ရှောက်ထားပြီးနောက် အသက် ငါးနှစ်ကျော်ရင် မရမ်းကုန်းကျောင်းကိုလွှဲပါတယ်။

ကျောင်းအုပ်ကပြောစကားအရ အလှူမတိုင်ခင်ညက ကလေးတွေမအိပ်လို့မေးကြည့်တော့ မုန့်ဟင်းခါးစားရမယ်ဆိုလို့ မနက်မှာ ဘယ်နှစ်ပွဲ စားကြမယ်စသည်ဖြင့် စိတ်ကူးယဉ်နေလို့မအိပ်ကြသေးတာပါလို့ ပြောတယ်လို့ သိရပါတယ်။ မုန့်ဟင်းခါးမစားရတာ အတော်ကြာပြီဖြစ်လို့ ကလေးငယ်များအလွန်ပျော်ရွှင်ကြပါတယ်။

အလှုရှင်များအားလုံးကို မှာ ကျေးဇူးတင်ရှိပါကြောင်းနှင့် အလှုအတွက် ပီတိဖြစ် အမျှပေးဝေ၊ သာဓုခေါ်ဆိုနိုင်ရန် အသိပေးတင်ပြလိုက်ရပါတယ်။








First Donation for May-2010 (Water Donation)

One Dollar Fund – Myanmar (ODF Myanmar) နှင့် Myanmar Cyber Charity Group တို့ ပူးပေါင်း၍ ရေလှူဒါန်းခဲ့သော  သတင်းဓာတ်ပုံမှတ်တမ်းများကို အလှူရှင်များ ဝမ်းမြောက်စွာ အမျှပေးဝေ၊ သာဓုခေါ်နိုင်ရန် တင်ပြလိုက်ပါတယ်။

ODF Myanmar မှ မေလ ၁၉ ရက်နေ့အထိ ကောက်ခံရရှိသော စင်္ကာပူဒေါ်လာ ၂၀၅၆.၇၀ * ၇၀၅ (ငွေလဲနှုန်း) = ၁,၄၅၀,၀၀၀ ကျပ်တိတိကို (တစ်ဆယ့်လေးသိန်းငါးသောင်းကျပ်) ကို မေလ ၂၀ ရက်နေ့တွင် မြန်မာဆိုက်ဘာသို့ လှူဒါန်းခဲ့ပြီး မြန်မာဆိုက်ဘာအဖွဲ့သားးများက အလှူရှင်အားလုံးကိုယ်စား ဒလမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်နေသော နေရာများသို့ သွားရောက်လှူဒါန်းပေးခဲ့ခြင်း ဖြစ်ပါတယ်။မေလ ၁၉ ရက်နောက်ပိုင်း ထပ်မံရရှိသော အလှုငွေများကို ရန်ကုန်မြို့၊ အမျိုးသမီးလူငယ်သင်တန်းကျောင်းသို့ ဇွန်လ (၆)ရက်နေ့က လှူဒါန်းခဲ့ပါတယ်။

မြန်မာဆိုက်ဘာမှ ပေးပို့သော ရေအလှူမှတ်တမ်းများ

ဆရာတော်မှ ရေအလှုအတွက် တရားဟောစဉ် Movie

http://www.mediafire.com/file/yxn3mggme0e/MOV00217.MP4

ရေစက်ချ အမျှဝေအပြီး လှုဒါန်းငွေများအား စာသင်တိုက်မှ တာဝန်ရှိသူများထံ လွဲပြောင်းပေးခဲ့ပါတယ်။ အလှူရှင် များကိုယ်စား ကိုလင်းလင်းဂျိုကာ မှ လွဲပြောင်းပေးခဲ့ပါတယ်။

အလှုငွေများအားလွဲအပ်လှုဒါန်းစဉ် Movie

http://www.mediafire.com/file/nzcrowmiyfi/MOV00220.MP4

ရေတိုင်ကီများအတွက် ရေပြန်ဖြည့်စဉ်

ကျွန်တော်တို့ ဒလမြို့နယ်သို့ ဒုတိယအခေါက် ရေအလှုအား အဆင်ပြေစွာလှုဒါန်းဖို့ လိုသည်။ ရေပြည့်သည် နှင့် ချက်ချင်း ရေလှူကားအား ပြန်လည် ထွက်ခွာခဲ့ပါတယ်။
ဒလမြို့နယ် အတွင်း ပြန်လည်ရောက်ရှိလာပြီး ရေလှုရန် အတွက် လိုအပ်သည့် နေရာဒေသများသို့ ဆက်လက်ထွက်ခွာခဲ့ပါတယ်။ ကျွှန်တော်တို့ ရေလှုကားရဲ့ထူးခြားချက်ကတော့ ရေတိုင်ကီ(၃၀) ဂါလံ(၁၅၀၀) ဖြင့်သယ်ယူခြင်းဖြစ်သောကြောင့် ရေများစွာသယ်ယူနိုင်ပြီး၊ အမှန်တကယ်လိုအပ်သည့် နေရာအရောက် သွားရောက်လှုဒါန်းရန် အဓိက ဖြစ်ပါတယ်။ ရေလှုကားအများစုမှာ ကြမ်းတမ်းသည့် လမ်းများ၊ မြေလမ်းများ အား တက်နိုင်သမျှ ရှောင်ကွင်းသွားကြရပါတယ်။ ထို့ကြောင့် အချို့နေရာများမှာ ရေကား ယနေ့အထိ တစ်စီးမှ ရောက်ရှိ လူဒါန်း ခဲ့ခြင်း၊ ရေရရှိခဲ့ခြင်းမရှိခဲ့ကြပါ။ ရေကားများ ၀င်ရောက်လာသော်လည်း သူတို့အတွက် မဟုတ်။ ရေကားဝင်ရောက်နိုင်သည့် နေရာများအတွက်သာ အများစုဖြစ်ခဲ့ပါတယ်။ ဒါကြောင့်အားလုံးတိုင်ပင်လျက် ရေကားမရောက်သည့် နေရာသို့သွားလှုရန်ဆုံးဖြတ်ကာ သွားရောက်လှုဒါန်းရန် ထွက်ခွာခဲ့ကြပါတယ်။

ထို့နောက် ညောင်တုန်း ရပ်ကွက်ဘက်ရောက်ရှိပြီး ညနေပိုင်း တတိယအကြိမ် ရေအလှုအား စတင်ခဲ့ပါတယ်။ ရေတိုင်ကီ ၁၀လုံးကျော် လှုဒါန်းအပြီး ထိုရပ်ကွက်နှင့် ကပ်လျက် အခြား ရပ်ကွက်တစ်ခုသို့ ဆက်လက်ထွက်ခွာလှုဒါန်းခဲ့ကြပါတယ်။

ရေလာရောက်သယ်ယူသူအချို့မှာ အလွန်ဝေးလံသည့် နေရာမှ အထမ်းများဖြင့် လာရောက်သယ်ယူခဲ့ကြတာကို စိတ်မကောင်းစွာဖြင့် တွေ့ခဲ့ရပါတယ်။ သူတို့ ရေလာသယ်ရသည့် နေရာ နှင့် ရေကား ဘယ်လောက်ဝေး သလဲ ဆိုတာကို အောက်ကပုံမှာ မြှားပြထားသည့်လမ်းအတိုင်း အဝေးပိုင်းမှ ရေ၂ပုံးအား ရဖို့ လာခဲ့ရပါတယ်။

journey to get clean water

ရေတိုင်ကီများကို ကုန်စင်အောင် လှုဒါန်းအပြီး ကျွန်တော်တို့ ရေကား အောင်မြင်စွာဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

Youtube မှာလည်း ရေအလှူမှတ်တမ်းများကိုကြည့်ရှုနိုင်ပါတယ်

http://www.youtube.com/watch?v=TE414vyXoZU

http://www.youtube.com/watch?v=5Trmr0a9pig

http://www.youtube.com/watch?v=G92fS6BPlDU

Thank you for your helping hands.

Best Regards,
ODF Myanmar

June 2, 2010

Donation Plan for June-2010

Dear our fellow friends,

After making donations for solving water shortage problem last month, our ODF Myanmar is now planning to make donations to a monastic orphanage school for the month of June.

According to our mission to reach our help to the rural areas as much as possible, we have chosen “Doe Pin” monastic orphanage near Pyin Oo Lwin in Mandalay Division to contribute donations this month.

“Doe Pin” monastic orphanage is located beside Mandalay-Pyin Oo Lwin highway and it keeps more than 1,000 orphans from Nargis cyclone.

The Abbot from the monastery has adopted and taken care of the children and volunteer doctors from Institute of Medicine Mandalay are giving necessary check-up and treatment to the children.

Since there is only limited support, this monastic orphanage is such a place that needs the helping hands of our fellow friends.

So, we would like to encourage all of you to cooperate with our ODF Myanmar to make contributions like in previous months.

သူငယ်ချင်းမိတ်ဆွေများ အားလုံး မင်္ဂလာပါ …

ကျွန်တော်တို့ ODF Myanmar အနေနဲ့  မေလအတွင်းက သောက်သုံးရေရရှိရေးအတွက် လှူဒါန်းခဲ့ပြီး ယခု ဇွန်လအတွက်တော့ မိဘမဲ့ကလေးစောင့်ရှောက်ရေး ဘုန်းတော်ကြီးကျောင်းအား လှူဒါန်းသွားရန် စီစဉ်ထားပါတယ်။

နယ်စွန်နယ်ဖျားမှာရှိတဲ့ အကူအညီလိုအပ်နေသောနေရာများသို့ တတ်နိုင်သလောက်ပံ့ပိုးကူညီပေးမည့် ODF Myanmar ၏ မူအတိုင်း ၂၀၁၀-ဇွန်လ အတွက် လှူဒါန်းမည့်နေရာကို  မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ရှိ ‘ဒိုးပင်’ လူမျိုးစုံမိဘမဲ့ကလေးစောင့်ရှောက်ရေး ဘုန်းတော်ကြီးကျောင်းကို ရွေးချယ်ထားပါတယ်။

အဆိုပါဘုန်းကြီးကျောင်းဟာ မန္တလေး-ပြင်ဦးလွင် လမ်းမပေါ်တွင်တည်ရှိပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့် မိဘမဲ့ဖြစ်ခဲ့ရသော ကလေးသူငယ်၁၀၀၀ကျော်အား စောင့်ရှောက်ထားပါတယ်။

ကျောင်းရှိဘုန်းတော်ကြီးများမှ ကလေးများအား ကျွေးမွေးစောင့်ရှောက်ထားပြီး ကလေးများကျန်းမာရေးအတွက်တော့ မန္တလေးဆေးတက္ကသိုလ်မှ စေတနာရှင်ဆရာဝန်များမှ မကြာခဏ သွားရောက်ကြည့်ရှုပေးကြပါတယ်။

ပြင်ပအထောက်အပံ့အကူအညီများ လုံလောက်စွာမရရှိတဲ့အတွက် စေတနာရှင်များရဲ့ လှူဒါန်းမှုကို အမှန်တကယ်လိုအပ်နေသော နေရာဖြစ်ပါတယ်။

ဒါကြောင့် သူငယ်ချင်းမိတ်ဆွေတို့ အနေဖြင့် ကျွန်တော်များ ODF Myanmar နဲ့ ပူးပေါင်းပြီး ယခင်လများလိုပဲ တတ်အားသရွေ့ လှူဒါန်းကူညီကြဖို့  နှိုးဆော်အပ်ပါတယ်။

Doe Pin Monastery
Doe Pin Monastery
Orphans from Doe Pin Monastery
Orphans from Doe Pin Monastery

Orphans from Doe Pin Monastery
Orphans from Doe Pin Monastery
Donation by IMM
Donation by IMM


Thank you!

ODF Myanmar

http://www.odfmyanmar.org
http://twitter.com/odfmyanmar
http://www.facebook.com/pages/One-Dollar-Fund-Myanmar-ODF-Myanmar/485183800018?ref=ts

May 27, 2010

Donation for April-2010

Dear Donors,

We are very pleased to inform you that ODF Myanmar had donated Singapore dollar 880 (Myanmar currency 618600 kyats) to Happy Heaven Humanitarian Project (ThuKha Yeik Myon) in order to take care of orphans who are suffering from HIV/AIDS disease .

Thank you very much for your kindly donation and contribution to ODF Myanmar.

Every helping hand of yours to Myanmar community is appreciated.

Do not hesitate to ask whatever you would like to know about ODF Myanmar, please.

Very truly yours

ODF Myanmar

April လအတွက် အလှူရှင်အားလုံးမှ သုခရိပ်မြုံဂေဟာက စောင့်ရှောက်ထားသော HIV /AIDS ဝေဒနာသည် မိဘမဲ့ကလေးများအတွက် ရည်စူးလှူဒါန်းသော အလှူငွေစုစုပေါင်း စင်္ကာပူဒေါ်လာ ၈၈၀ (မြန်မာကျပ်ငွေ ၆၁၈၆၀၀ ကျပ်တိတိကို လှုဒါန်းခဲ့ကြောင်း အလှုရှင်များအားလုံး ၀မ်းမြောက် ၀မ်းသာ အမျှပေးဝေနိုင်ရန် သတင်းကောင်းပြောကြားလိုပါတယ်။

အလှုရှင်များအားလုံးကို ODF Myanmar မှ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါကြောင်းနှင့်

အလှုရှင်တို့၏ ကြင်နာနွေးထွေးသော ကူညီမှုများကို သာဓုခေါ်ဆိုပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ကျေးဇူးတင်စွာဖြင့်
ODF Myanmar

Donation for March-2010

Dear Donors,

We are very glad to inform you that ODF Myanmar had donated the basic needs for food such as rice, cooking oil, onion and grocery in the value of Myanmar currency 345950 Kyats to orphans who have been taken care by Mya Theigyi Orphanage.

Thank you very much for your kindly donation and contribution to ODF Myanmar.

Every helping hand of yours to Myanmar community is appreciated.

Do not hesitate to ask whatever you would like to know about ODF Myanmar, please.

Very truly yours

ODF Myanmar

မတ်လအလှုအတွက် မူလအစက မတ်လအတွက် မှော်ဘီမြို့နယ်အတွင်းရှိ မိဘမဲ့ကလေးများကျောင်းသို့ လှုဒါန်းမည်ဟု စီစဉ်ကာ ကြေညာခဲ့သော်လည်း မြသိင်္ဂီ သီလရှင်စာသင်တိုက်တွင်လည်း မိဘမဲ့ကလေးများကို စောင့်ရှောက်ထားသဖြင့် မြသိင်္ဂီ သီလရှင်စာသင်တိုက် မှလည်း အလှုရှင်များ လိုအပ်နေပါသဖြင့် ရန်ကုန်မြို့ဘက်မှ ODF Myanmar  ကိုယ်စားလှယ်သည်
မြသိင်္ဂီသီလရှင်စာသင်တိုက်မှ စောင့်ရှောက်ထားသော မိဘမဲ့ကလေးများအတွက် မြန်မာငွေကျပ် ၃၄၅၉၅၀ တန်ဘိုးရှိ လိုအပ်သော ကုန်ခြောက်များနှင့် လိုအပ်သည်များကို ၀ယ်ယူပြီးလှုဒါန်းခဲ့ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

အလှုရှင်များအား မူလက အသိပေးထားသည့် မှော်ဘီမြို့နယ်မှ မိဘမဲ့ကျောင်းသို့ နောက်တစ်ကြိမ်တွင်မှ လှုဒါန်းမည်ဖြစ်ကြောင်း တောင်းပန် ပြောကြားလိုပါသည်။

ကျေးဇူးတင်စွာဖြင့်
ODF Myanmar

« Previous page

Donate Now

Donate NOW

We welcome you to join us and make a donation to the One Dollar Fund - Myanmar(ODF-Myanmar). All donations received will be deposited directly into the account of ODF Myanmar. ODF Myanmar will ensure accountability and transparency in the use of donated funds. We invite the media and general public to help supervise this process.

Read more about Donation

About ODF

ODF Myanmar, a nonprofit organization founded by a group of Myanmar. ODF Myanmar is dedicated to improving the quality of life , education and health of poor and orphan. We believe that every individual counts from all of helping hands would benefit from being a part ODF Myanmar. Our aim is to reach out to as many as poor as possible and change their lives for the better , ensuring they have a chance at life opportunities. We believe that all the poor should be given an equal opportunity of basic needs such as food, shelter , health care and education.

Read more about ODF

ODF at Social Networks

We invite you to come and be our fans! By joining our facebook page, you will be able to see our updated news, donation events and activities.

Facebook Twitter

Recent News and Updates

  • Donation for July-2010
  • Donation Plan for August-2010
  • ဇွန်လ ၂၀၁၀ အလှု
  • Donation Plan for July-2010
  • ODF Myanmar (One Dollar Fund – Myanmar )
  • Home
  • About ODF
  • News & Events
  • Gallery
  • Volunteers
  • Contact Us
  • Donate
Copyright © One Dollar Fund Myanmar . org. All rights reserved.
Contributors for Logo & Web Designed by MYO HAN HTUN and developed by MYO KYAW HTUN
ODF Myanmar